Showing posts with label news. Show all posts
Showing posts with label news. Show all posts

Saturday, 21 January 2012

ခရမ်းမြို့မှ အားကစားရံပုံငွေအလွဲသုံးစားလုပ်နေသည့် အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးဟောင်း ဦးတင်မြင့်အကြောင်း(တိုင်ကြားစာ)

 

ခရမ်းမြို့နယ်တွင် အားကစား ဖွံ့ဖြိုးတိုးတက်စေရန် မြို့မိမြို့ဖများမှ ကော်မတီ တစ်ခုဖွဲ့စည်းခဲ့ပါသည်။ ခရမ်းကော်မတီမှ ငွေကြေးသိန်းပေါင်းများစွာ စိုက်ထုတ်၍ အာကစားကွင်းနှင့် အားကစားရုံ ကိုပြုပြင်ခဲ့ပါသည်။ ထိုအခါ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှ ကော်မတီတွင် နာယကအဖြစ် ဆောင်ရွက်ပြီး အား/ကာမှာ အစဉ်အဆက် ငွေကြေးအရှုပ် အရှင်းများ ရှိနေပါသဖြင့် မိမိတို့ အုပ်ချုပ်ရေးဌာနမှ ငွေကြေးဝင်ရောက် ကိုင်တွယ် သုံးစွဲခြင်း မပြုသကဲ့သို့၊ မည်သည့် လွှမ်းမိုးမှုမှ ပြုလုပ်မည် မဟုတ်ကြောင်း ပထမဆုံး အစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အား/ကာ ပြင်ဆင်မှုများအတွက် ရပ်ကွက် ၁၂ရက်ကွက်၊ ကျေးရွာ ၅၄ရွာ အုပ်ချုပ်ရေးမှူးများထံမှ ၁၄၁ သိန်းကောက်ခံ ပေးမည်ဟု ကတိစကား ပြောကြားခဲ့ပါသည်။ ထို့ကြောင့် အား/ကာ ကော်မတီမှ ငွေကြေးများ စိုက်ထုတ်၍ ပြင်ဆင် မှုများပြုလုပ်ပြီး မြို့နယ်ပညာရေးမှူးဖလား U-10 နှင့် အုပ်ချုပ်ရေးမှူးဖလား U-23 ဘောလုံးပွဲများ ကျင်းပနိုင်ကြပြီ ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပနေစဉ် မြို့မိမြို့ဖများအား ကြီးကြပ်ရေး ကော်မတီဆိုပြီး လွှမ်းမိုးမှု စတင်ခဲ့ပါသည်။ မြို့မိမြို့ဖ ကော်မတီများအား အသိမပေးပဲ ဒေသခံဒိုင်များအား တာဝန်မှ ရပ်နားခြင်း၊ ဆုချီးမြှင့်မည့်ဆုံးဖြတ် ချက်များကို ပယ်ဖျက်ခြင်း ၊ ကွင်းဝင်ခွင့်လက်မှက်များကို ပယ်ဖျက်ခြင်း၊ အထွထွေအုပ်ချုပ်ရေးမှူးမှ ကိုယ်ပိုင်လက်မှတ်များကို ရိုက်နှိပ် ထုတ်ဝေရောင်း ချခြင်း စသည့်မတရားမှုများကို စတင်လုပ်ဆောင် လာခဲ့ပါသည်။ နေရာတိုင်းတွင် တာဝန်နှင့် လုပ်ကိုင်ခွင့်ဆိုတာ ရှိပါသည်။ စစ်တပ်တွင်ရှိသလို ပြည်သူလူထု တွင်လည်းရှိ ကြောင်း ဗိုလ်ကြီးဟောင်း အုပ်ချုပ်ရေးမှူးဦးတင်မြင့် သိဟန်မတူပါ။

လက်မှတ် ဘယ်လောက်ရိုက်သည်၊ ဘယ်လောက်ရောင်းရသည်၊ ငွေကြေးမည်မျှရသည်ကို အား/ကာ ကော်မတီနှင့် မြို့မိမြို့ဖများ အား အသိပေးခြင်း မပြုပဲ ထင်ရာစိုင်းကာ အာဏာပါဝါပြ၍ မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုနေပါသည်။ အား/ကာကော်မတီမှ စိုက်ထုတ်ငွေများကိုလည်း ပြန်လည်ပေးအပ်ခြင်း မပြုသေးပါ။ ကော်မတီမှရမည်ဆိုသော ၁၄၁ သိန်းအနက်မှ ၂၀၂၅၀၀၀ (သိန်း၂၀ကျော်)သာရရှိခဲ့ပါသည်။ ကျန်သောငွေကြေးများ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း မသိရပါ၊ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့် မတရားသဖြင့် ကိုယ်ကျိုးရှာ လာဘ်စားနေမှုအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့ သိစေရန် ခရမ်းမြို့မှ အသိပေး တိုင်ကြားအပ်ပါသည်။ ကြိုက်သလိုမေး ကြိုက်သလိုစစ် ရိုက်မစစ်ပဲ ဖြေမည့် --- ဒီမိုကရေစီ ခရီးလမ်းမှ ဆူးကြမ်းများကို ဖယ်ရှားပေးပါရန် ရဲဝံ့စွာ တိုင်ကြားအပ်ပါသည်။
(ခရမ်းသားများ)

ခရမ်းမြို့မှ အားကစား ရံပုံငွေများအား အလွှဲသုံးစား ပြုနေသည့် အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးဟောင်း ဦးတင်မြင့်အကြောင်း တိုင်ကြားလာပါတယ်..။ ယခင်တိုင်ကြား ပေးပို့လာတဲ့ ခရမ်းမြို့မှ တိုင်ကြားစာများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သမာသမတ်ကျစွာ လာရောက်ဖြေရှင်း ပေးခဲ့တယ်လို့လည်း သိရှိပါတယ်..။ ယခုခရမ်းတမြို့လုံးနဲ့ ဆိုင်တဲ့ အားကစားရံပုံငွေ ကိစ္စအားလည်း သက်ဆိုင်ရာမှ လာရောက်ဖြေရှင်းပေးမည်ကို ခရမ်းမြို့သားများ မျှော်လင့်နေကြပါကြောင်း....